Yarzar Nay Win

Yarzar Nay Win | Actor

Ma Chit Tat Thu Chin
Ma Chit Tat Thu Chinအကြင်နာနဲ့ ခယောင်းတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ်။ ခယောင်းတို့မိသားစုက ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် အမြဲတမ်း အကြင်နာက ကူညီပေးခဲ့ပါတယ်။ အကြင်နာက ချစ်သူရှိနေရဲ့သားနဲ့ နေသီဟဆိုတဲ့ကောင်လေးနဲ့ ထပ်တွဲပါတယ်။ ခယောင်းက အကြင်နာကိုခင်တဲ့အတွက် အကြင်နာပြောသမျှအားလုံးကို ကူညီပေးရှာပါတယ်။ ဒါပေမယ့် အကြင်နာရဲ့လက်ရှိရည်းစားက အကြောင်းစုံသိသွားတဲ့အခါမှာတော့ အကြင်နာကို ကားတင်ပြေးပါတော့တယ်။ တစ်ဖက်မှာလည်း နေသီဟ ကအကြင်နာနဲ့လက်ထက်ဖို့လူကြီးတွေကိုပြောပြီးသွားပါပြီ။ သိက္ခာကျမှာဆိုးတဲ့အတွက် အကြင်နာရဲ့နေရာမှာ ခယောင်းကိုအစားဝင်ပြီး ဟန်ဆောင်လက်ထက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ ကဲ ဘယ်လိုတွေဆက်ဖြစ်ကြမှာပါလိမ့်။